Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 47 - Muhammad
Translation by Alin U Yin — Permalink
Verse 18 — Surah Muhammad 47:18
(မယုံကြည်မှုနှင့်မကောင်းမှုအကုသိုလ်များတွင် ဇွဲကောင်းကောင်းဖြင့် နစ်မြုပ်နေကြသော) သူတို့သည် သူတို့ထံ ရုတ်တရက် ရှင်ပြန်ထမည့်အချိန်ကာလဆိုက်ရောက်စေခြင်းမှအပ (အခြားမည်သည်ကို) စောင့်ဆိုင်းနေကြသနည်း။ သို့ဖြစ်လျှင် ဧကန်မလွဲ၊ ထိုရှင်ပြန်ထမည့်အချိန်ကာလကို ထောက်ပြနေသော နိမိတ်လက္ခဏာ များမူကား အမှန်ပင် (သူတို့ထံ) ရောက်ရှိခဲ့ပြီ။ သို့ဖြစ်ပေရာ ထိုအချိန်နာရီသည် သူတို့ထံ ရောက်လာသောအခါ သူတို့အတွက် ဆုံးမဩဝါဒများပါဝင်သော သူတို့၏သတိရ တသ၍ ထုတ်ဖော်ဖွင့်ဟစရာက မည်သို့ အကျိုးရှိစေ နိုင်မည်နည်း။