Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 19 — Surah Muhammad 47:19

သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) အလ္လာဟ်အရှင်မြတ်မှအပ အခြားမည်သည့် ဆည်းကပ်ကိုး ကွယ်ထိုက်သော ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်း မရှိကြောင်း ကောင်းစွာ နှလုံးသွင်း သိမှတ်ထားလော့။ ထို့ပြင် အသင်သည် သင်၏မေ့မှားလစ်ဟင်းမှုနှင့်စပ်လျဉ်း၍လည်းကောင်း၊ သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့် အမျိုးသမီးများအတွက်လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ကို ဆုတောင်းပန်ကြားလော့။ အမှန်စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် သင်တို့ (အားလုံး) ၏လှုပ်ရှားသွားလာမှုအခြေအနေ အသေးစိတ်ကိုလည်းကောင်း၊ သင်တို့ အခိုင်အမာ မြဲမြံစွာ ရပ်တည် နေသောဌာနစခန်းများကိုလည်းကောင်း၊ အကြွင်းမဲ့ သိနေတော်မူ၏။