Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 2 — Surah Muhammad 47:2

သို့ရာတွင် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့သည် တမန်တော်မုဟမ္မဒ်အပေါ် ချမှတ်ပေးအပ်တော်မူခြင်းခံရသောအရာ (ကျမ်းတော်မြတ်ကုရ်အာန်) ကိုလည်း ယုံကြည်ကြသည့်အပြင် ယင်း (ကျမ်းတော်) သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်မှ အမှန်တရားသစ္စာဖြစ်ကြောင်းကိုလည်း ယုံကြည်ပြီး (လောကီလော ကုတ္တရာနှစ်ဌာနစလုံးအောင်မြင်မှုပန်းတိုင်မှ တားဆီးဟန့်ထားစေမည့်) မကောင်းမှုအကုသိုလ်များကိုလည်း မယုံကြည် ငြင်းပယ်လျက် ယင်းတို့မှ သူတို့ကိုသူတို့ ရှောင်ကြဉ်စေကာ သူတို့၏အခြေအနေကို (နှစ်ဌာနစလုံး၌ ပေါက်ရောက်အောင်မြင်စေရန် သူတို့၏စိတ်နှလုံးကို) ဖြောင့်မတ်မှန်ကန်စွာ ပြုပြင်ကြသည်။