Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 20 — Surah Muhammad 47:20

စင်စစ်သော်ကား သက်ဝင်ယုံကြည်သူတို့က (အရှင့်ဇာတိတော်နှင့်စပ်လျဉ်းသော အမိန့်တော် သစ်များပါ ဝင်သော) စူရဟ်ကဏ္ဍတစ်ခုခုကို အဘယ်ကြောင့် ချမှတ်ပေးအပ်တော်မမူသနည်း။” ဟု မေးမြန်းတောင့်တ ကြ၏။ သို့ရာတွင် အသက်ရှင်ရပ်တည်ရေးအတွက် တိုက်ပွဲဝင်တော်လှန်ရုန်းကန်ရ မည်ဟူသော အတည်ပြုထားသည့် အမိန့်တော်များ ဖော်ပြပါရှိသော စူရဟ်ကဏ္ဍတစ်စုံတစ်ရာသည် ချမှတ်ပေးအပ်ခြင်းခံရသောအခါ စိတ်နှလုံးများတွင် (ယုံကြည်မှုအားနည်းမှုကြောင့်) ရောဂါစွဲကပ် နေသောသူတို့သည် သေဘေးကို ကြောက်ရွံ့ လွန်း၍ မူးမော်မေ့မြောလျက် ကြည့်နေသည့် အကြည့်မျိုးဖြင့် အသင့်ဘက်သို့ ကြည့်နေကြသည်ကို အသင် တွေ့မြင်ခဲ့ပြီးဖြစ်သော်လည်း ယင်းသည်သာ သူတို့အတွက် အမျှတ အသင့်တော်ဆုံး ဖြစ်၏။