Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 28 — Surah Muhammad 47:28

ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏မေတ္တာကရုဏာတော်မှဝေးစေသည့် မနှစ်မြို့ဖွယ်ရာ (ပြစ်တင်ရှုတ်ချအပ်သော လမ်းစဉ်၊ နည်းစနစ်) များကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ထိုအရှင် မြတ်က နှစ်မြို့တော်မူသည့်အရာကို မုန်းတီးငြင်းပယ်ခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပေရာ ထိုအရှင်မြတ် သည် သူတို့၏ပြုမူကျင့်ဆောင်ရွက်ချက်တို့ကို (အသုံးမဝင်သောအရာများအဖြစ်) အလဟဿ၊ အချည်းနှီး ဖြစ်စေတော်မူ၏။