Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 30 — Surah Muhammad 47:30

စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် ငါအရှင်မြတ်သည် သူတို့ပတ်သက်၍ အသင် (တမန်တော်) အား ဧကန်မုချပင် ပြသတော်မူမည်ဖြစ်ရာ သူတို့၏ (ပြောသံဆိုသံ) လက္ခဏာအမူအရာများပေါ်မူတည်၍ အသင်က သူတို့အကြောင်းကို အမှန်ပင် သိနိုင်လိမ့်မည်။ ထို့ပြင် အသင်သည် သူတို့အကြောင်းကို (သူတို့၏) စကားလေသံအနေအထားနှင့်စကားထာပေါ် မူတည်၍လည်း အမှန်ပင် သိနိုင်၏။ အမှန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံဆောင်ရွက် သမျှတို့ကို သိနေတော်မူ၏။