Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 31 — Surah Muhammad 47:31

ထို့ပြင် ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အနက်မှ (မည်သူမည်ဝါတို့သည်) စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားသူများနှင့် (အရှင့်လမ်းစဉ်တော်နှင့်အညီ ဘဝဆောက်တည်ရာတွင် ရင်ဆိုင်ကြုံတွေ့သမျှ ဒုက္ခအခက်အခဲများကို ဇွဲ၊ လုံံ့လ၊ ဝီရိယဖြင့်) ခန္တီသည်းခံကြံ့ခိုင်မှုမြဲမြံကြသူများ ဖြစ်ကြောင်းကို ကွဲကွဲပြားပြားသိမြင်လာသည်အထိ သင်တို့အား စမ်းသပ်တော်မူမည်။ ထို့ပြင် သင်တို့၏အရေးကိစ္စဆိုင်ရာ သတင်းအချက်အလက် နှင့်အခြေအနေပေါ်မူတည်၍လည်း စမ်းသပ်တော်မူမည်။