Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 47 - Muhammad
Translation by Alin U Yin — Permalink
Verse 32 — Surah Muhammad 47:32
ဧကန်ပင်၊ သူတို့အတွက် လမ်းညွှန်တော်ရောက်ရှိခဲ့ပြီးနောက် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသည့် ရှင်းလင်းချက်ဟူသမျှကိုလည်းကောင်း၊ ရစူလ်တမန်တော်ကိုလည်းကောင်း၊ အာခံဖီဆန်သည့်အပြင် အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှလည်း (လူတို့ကို) ပိတ်ပင်တားဆီးကြသော မယုံကြည်သူ (အရှင့်စည်းမျဉ်း တော်များကို ဖီဆန်ငြင်းပယ်သူ) တို့သည် အလ္လာဟ်အရှင်မြတ်အား မည်သည့်အခါမျှ အနည်းငယ်စိုးစဉ်းမျှပင် အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ရုံမျှသာမက ထိုအရှင်မြတ်သည် သူတို့၏ပြုမူကျင့်ကြံဆောင်ရွက်ချက်တို့ကို အမှန်ပင် အချည်းနှီးအလဟဿ ဖြစ်စေတော်မူမည်။