Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 35 — Surah Muhammad 47:35

သို့ဖြစ်ပေရာ (အို၊ သက်ဝင်ယုံကြည်သူအပေါင်းတို့၊ စစ်ပွဲ၌ ရန်သူနှင့်ရင်ဆိုင်ကြစဉ်) သင်တို့သည် စိတ်ဓါတ်ကျလျက် အရှက်ကွဲ အညံ့ခံကာ (စစ်ပြေ) ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ခြင်းလည်း မပြုကြလေနှင့်။ အမှန်သော်ကား သင်တို့သည်သာလျှင် အပေါ်စီး၌ထားစေတော်မူသူများဖြစ်ပြီး အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံမှုဆိုင်ရာ ခံစားခွင့်နှင့်ရပိုင်ခွင့်များ မည်သည့်အခါမျှ ဆုတ်ယုတ်လျော့နည်းစေလျက် ချီးမြှင့်တော်မမူဘဲ ချန်လှပ်ထားတော်မူမည် မဟုတ်ပေ။