Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 36 — Surah Muhammad 47:36

ဧကန်ပင်၊ ဤလောကီဘဝသက်တမ်းသည် ကစားစရာ၊ ပျော်မြူးစရာမျှသာ ဖြစ်၏။ သို့ရာတွင် အကယ်၍ သင်တို့သည် သက်ဝင်ယုံကြည်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး ကြလျှင် ထိုအရှင်မြတ်သည် သင်တို့၏ကုသိုလ်အကျိုးဆုလဒ်များကို ချီးမြှင့်ပေးအပ်တော်မူပြီး သင်တို့ထံမှ သင်တို့၏ဥစ္စာဓနများကို (စွန့်လွတ်ရန်) တောင်းဆိုမည်လည်း မဟုတ်ချေ။