Back to Languages

Burmese - Chapter 47 - Muhammad

Translation by Alin U Yin — Permalink

Verse 38 — Surah Muhammad 47:38

ရှုမြင်ကြလော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ (အရှင့်ကျေနပ်နှစ်မြို့မှုအတွက် သင်တို့၏ဥစ္စာဓနများမှ ပေးကမ်း၊ စွန့်လှူ) သုံးစွဲကြရန် ဖိတ်ခေါ်ခြင်းခံကြရသောပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း သင်တို့အနက် အချို့သည် (သူတို့၏ဥစ္စာဓနများကို အမိအရ ဆုပ်ကိုင်ချုပ်တည်းထားလျက်) စေးနှဲကြသူများ ဖြစ်ကြ၏။ အမှန်သော်ကား မည်သူမဆို ထိုသို့ချုပ်တည်းလျက် စေးနှဲပါမူ၊ ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့အလိုရမ္မက်အတွက် အသုံးချလျက် ချုပ်တည်းစေးနှဲခြင်းပင် ဖြစ်၏။ စင်စစ်သော်မူကား အလ္လာဟ်အရှင်မြတ်သည် (လိုလားတောင့်တမှု ကင်းမဲ့တော်မူ၍) ကုံလုံပြည့်စုံတော်မူပြီး သင်တို့သည် (အကန့်အသတ်မဲ့ လိုလားတောင့်တလျက်) နွမ်းပါးချို့တဲ့သူများပင် ဖြစ်ကြ၏။ ထို့ပြင် အကယ်၍ သင်တို့သည် (သစ္စာတရား အမှန်တရားနှင့်အရှင့်စည်းမျဉ်းတော်များမှ) မျက်နှာလွှဲကျောခိုင်းကြလျှင် ထိုအရှင်မြတ်သည် (သင်တို့အား ဖယ်ရှားတော်မူ၍) သင်တို့၏နေရာတွင် အခြားသောလူမျိုးတို့ဖြင့် အစားထိုး ပြောင်းလဲစေတော်မူမည်။ ထိုနောက် ထိုလူမျိုးသည်ကား သင်တို့နှင့်ကဲ့သို့ ဖြစ်ကြမည် မဟုတ်ပေ။