Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 47 - Muhammad
Translation by Alin U Yin — Permalink
Verse 4 — Surah Muhammad 47:4
သို့ဖြစ်ပေရာ သင်တို့သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့နှင့် တိုက်ပွဲ၌ ရင်ဆိုင်တွေ့ကြသည့်အခါ သူတို့ကို နှိမ်နင်းထိန်းချုပ်ထားနိုင်သည်အထိ (သင်တို့အား ဆုံးနိမ့်စေနိုင်သည့် အခွင့်အရေးမပေးဘဲ သူတို့၏လှုံ့ဆော်ရေးမှုများ၊ စစ်ဦးစီးများ၊ ကွပ်ကဲရေးမှူးများနှင့်) လည်ကုပ်ပမာ အရေးပါသည့် အတားအဆီး၊ အချုပ်အနှောင်များကို ရိုက်ခတ်ထိခိုက်စေကြလော့။ ထို့နောက် စစ်ပွဲသည် ယင်း၏ဝန်ထုပ်ကို ပခုံးပြောင်း လွှဲအပ်နိုင်သည်အထိ အချုပ်အနှောင်များ၊ ကတိကဝတ်များကို အသေအချာ မြဲမြံစွာ ထိန်းချုပ်ထားကြပြီးနောက် (စစ်သုံးပန်းများအတွက် မည်သည့် ပေးဆပ်မှုမျှ မရှိစေဘဲ စေတနာဖြင့်) သိက္ခာပေး၍ လွတ်မြောက်စေခြင်းကိုဖြစ်စေ သို့တည်းမဟုတ် လျော်ကြေးပေးဆပ်စေ၍ အပေးအယူလုပ်လျက် ပြန်လွှတ်ပေးခြင်းကိုဖြစ်စေ စီမံပြုလုပ်ကြလော့။ အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်း မျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် (စစ်မတိုက်စေဘဲ အရှင်မြတ်ကိုယ်တော်တိုင်) သူတို့အား ဒဏ်ခတ်အရေးယူတော်မူနိုင်၏။ သို့ရာတွင် ထိုအရှင်မြတ်သည် သင်တို့အနက် အချို့ကိုအချို့ဖြင့် စမ်းသပ်တော်မူရန် အလို့ငှာ (စစ်တိုက်ခြင်းကို ခွင့်ပြုတော်မူ၏။) အမှန်သော်ကား ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (အရှင့်ကျေနပ်နှစ်မြို့မှုအတွက်) သတ်ဖြတ်ခြင်းခံကြရရသောသူတို့၏ပြုမူလုပ်ဆောင်ချက်မျာကို မည်သည့်အခါ အချည်းနှီး လွဲမှားစေတော်မူမည် မဟုတ်ပေ။