Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 10 — Surah Al-Fath 48:10
(အို၊ ရစူလ်တမန်တော်) ဧကန်ပင်၊ အသင်နှင့်သစ္စာကတိပဋိညာဉ် နှောင်ဖွဲ့ကြသောသူတို့သည် အမှန်မှာ အလ္လာဟ်အရှင်မြတ်နှင့်သစ္စာကတိပဋိညာဉ် နှောင်ဖွဲ့ကြခြင်းသာ ဖြစ်၏။ အလ္လာဟ်အရှင်မြတ်၏ (လုပ်ပိုင်ခွင့်အာဏာနှင့်တန်ခိုးတော်ကို ကိုယ်စားပြုသော) လက်တော်သည် သူတို့၏လက်များ (လုပ်ပိုင်ခွင့်များ) ပေါ်၌ ရှိတော်မူ၏။ သို့ဖြစ်ပေရာ မည်သူမဆို (သစ္စာကတိပဋိညာဉ်) ကိုချိုးဖျက်လျှင် သူသည် သူ့နဖ်စ် (ခေါ် မျိုးရိုး ဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) နှင့်ဆန့်ကျင်၍ ချိုးဖောက်ခြင်းပင် ဖြစ်၏။ သို့ရာတွင် မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့်သစ္စာကတိပဋိညာဉ်ပြုခဲ့သောအချက်များအတိုင်း သူ့အပေါ် (တာဝန်ရှိသည်ကို ထိန်းသိမ်း ဖြည့်ဆည်းလျှင် မကြာမီပင် ထိုအရှင်မြတ်သည် သူ့အား ကြီးကျယ်လှစွာသော အကျိုးဆုလဒ်ကြီးကို ချီးမြှင့်ပေးအပ်တော်မူလိမ့်မည်။)