Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 11 — Surah Al-Fath 48:11
(အို၊ ရစူလ်တမန်တော်) မကြာမီပင် (အွမ်ရဟ်အတွက် စည်းရုံးလှုံ့ဆော်စဉ် မပါဝင်ဘဲ) နောက်ကျန်ရစ်ခဲ့ကြသော ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အာရဗ်တောကျေးသားတို့သည် အသင့်အား (ဆင်ခြေပေး လာရောက်) ပြောဆိုကြမည်မှာ “ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာ၊ ပိုင်ဆိုင်မှုများသည်လည်းကောင်း၊ ကျွန်ုပ်တို့၏မိသားစုများသည်လည်းကောင်း၊ (ကျွန်ုပ်တို့ပါဝင်ခွင့်မရနိုင်အောင်) အလုပ်ရှုပ်စေခဲ့ကြ ပါ၏။ သို့ဖြစ်ပါ၍ အသင်သည် ကျွန်ုပ်တို့အတွက် (အရှင်မြတ်ထံတော်တွင်) လွတ်ငြိမ်းခွင့်ကို ပန်ကြားဆု တောင်းလော့။ (စင်စစ်မှာကား) သူတို့သည် သူတို့၏နှလုံးသားများ၌မရှိသည်ကို သူတို့၏နှုတ်လျှာများဖြင့် ပြောဆိုနေကြခြင်းသာ ဖြစ်၏။ (အို၊ ရစူလ်တမန်တော်) အသင်သည် (သူတို့အား) “သို့ဖြစ်လျှင် အကယ်၍ ထိုအရှင်မြတ်သည် အသင်တို့၌ ထိခိုက်နစ်နာမှု တစ်စုံတစ်ရာကို (သက်ရောက်စေရန်) ကြံရွယ်တော်မူလျှင်၊ သို့တည်းမဟုတ် အကျိုးဖြစ်ထွန်းမှု တစ်စုံတစ်ရာကို ကြံရွယ်တော်မူလျှင် မည်သူသည် အလ္လာဟ်အရှင် မြတ်နှင့်ဆန့်ကျင်၍ သင်တို့အတွက် အနည်းငယ် စိုးစဉ်းမျှ (ကြားဝင်စွက်ဖက်ရန်) အခွင့်အာဏာ ပိုင်ဆိုင်ထား သနည်း။” ဟု မေးမြန်းလော့။ (စင်စစ်၊ သင်တို့ ဆင်ခြေမပေးမီ နှလုံးသွင်း သိထားသင့်သည်မှာ) အလ္လာဟ်အရှင် မြတ်သည် သင်တို့ပြုမူကျင့်ကြံ သမျှတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။