Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 14 — Surah Al-Fath 48:14
မိုးကောင်းကင်များနှင့်မြေကမ္ဘာ၏အချုပ်အခြာအာဏာသည် (ယင်းတို့ကို အရှင်မြတ်က ဖွဲ့စည်းဖြစ်တည်စေတော်မူသောကြောင့် အရှင့်စည်းမျဉ်းတော်များနှင့်အညီ အသုံးချရန်အတွက်သာဖြစ်ပြီး) အလ္လာဟ်အ ရှင်မြတ်သာ ပိုင်ဆိုင်တော်မူ၏။ ထိုအရှင်မြတ်သည် (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူသောသူအား လွတ်ငြိမ်း ချမ်းသာခွင့်ပေးတော်မူပြီး အလိုရှိတော်မူသောသူအား ပြစ်ဒဏ်ပေးတော်မူမည်။ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များ ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ် သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။