Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 15 — Surah Al-Fath 48:15

မကြာမီပင် (စစ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်စဉ် မပါဝင်ဘဲ) နောက်ကျစ်ရစ်ခဲ့ကြသောသူတို့သည် စစ်ပွဲအောင်မြင်၍ အကျိုးအမြတ် (စစ်နိုင်ရပစ္စည်းများ) ရယူရန် သင်တို့သွားကြသောအခါ “ကျွန်ုပ်တို့အား သင်တို့နှင့်အတူလိုက်ခွင့်ပြုကြလော့။” ဟု ပြောဆိုကြပေမည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏အမိန့် စကားတော်ကို ပြောင်းလဲလိုကြ၏။ (အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် ကျွန်ုပ်တို့နှင့်အတူ လိုက်စရာအကြောင်း အလျှင်း မရှိပေ။ (သင်တို့နှင့်ပတ်သက်သော) ထို (ဆုံးဖြတ်ချက်) သည် ဤမတိုင်မီ အလ္လာဟ်အရှင်မြတ်က မိန့်တော်မူသည့်အတိုင်းပင် ဖြစ်၏။” ဟု ပြောလော့။ အမှန်မှာ မကြာမီ သူတို့က “သင်တို့သည် ကျွန်ုပ်တို့အား မနာလိုဖြစ်နေကြ၏။” ဟု ပြောဆိုကြပေမည်။ အမှန်စင်စစ်သော်ကား သူတို့သည် အနည်းငယ်မျှသာလျှင် ချင့်ချိန်သိမြင်နားလည်နိုင်စွမ်း ရှိကြ၏။