Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 16 — Surah Al-Fath 48:16

(အို၊ ရစူလ်တမန်တော်) (စစ်ဆင်ရေးအတွက် စည်းရုံးလှုံ့ဆော်စဉ် မပါဝင်ဘဲ) နောက်ကျန်ရစ်ခဲ့ကြသော ကန္တာရတွင် လှည့်လည်နေထိုင်ကြသော အာရဗ်တောကျေးသားတို့အား “မကြာမီပင် သင်တို့သည် အလွန်ကြီးမားသော စစ်ရေးဆိုင်ရာ အဖျက်အင်အားကို ပိုင်ဆိုင်သောလူမျိုးတို့ထံသို့ သူတို့နှင့်ရင်ဆိုင်တိုက်ခိုက်ကြရန် သို့တည်းမဟုတ် သူတို့အား လက်နက်ချအညံ့ခံစေ၍ အမိန့်တော်ကိုနာခံစေရန်အတွက် ဖိတ်ခေါ်ခြင်းခံကြရပေမည်။ (ထိုသို့ဖိတ်ခေါ်ခြင်းခံရစဉ်) အကယ်၍ သင်တို့သည် အမိန့်တော်ကို နာခံလိုက်နာကြလျှင် အလ္လာဟ်အရှင်မြတ်က သင်တို့အား အကောင်းမြတ်ဆုံးသောအကျိုးဆုလဒ်ကို ချီးမြှင့်ပေးအပ်တော်မူမည်။ သို့ရာတွင် အကယ်၍ သင်တို့သည် ယခင်ကနည်းတူ မျက်နှာလွှဲ ကျောခိုင်းကြလျှင် ထိုအရှင်မြတ်သည် သင်တို့အား ပြင်းပြနာကျင် ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ကို ပေးတော်မူလိမ့်မည်။