Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 18 — Surah Al-Fath 48:18

(အို၊ ရစူလ်တမန်တော်) သက်ဝင်ယုံကြည်သူတို့က သစ်ပင်အောက်တွင် အသင်အား ကတိသစ္စာဆို ခဲ့ကြစဉ် ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်ဝယ် အလွန်အားရ ကျေနပ်တော်မူခဲ့ပြီးဖြစ်ရာ ထိုအရှင်မြတ်သည် သူတို့၏စိတ်နှလုံးတွင်း၌ (ဖြူစင်သောရည်စူးချက်နှင့်အရှင့်အရေး၌ သစ္စာ) ရှိသည်ကို သိနေတော်မူသောကြောင့် သူတို့အပေါ်ဝယ် စိတ်တည်ငြိမ်အေးချမ်းမှုကို ချပေးသနားတော်မူပြီး သူတို့အား နီးကပ် သော (အနာဂတ်) အောင်မြင်မှုကိုလည်း ချီးမြှင့်တော်မူခဲ့၏။