Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 2 — Surah Al-Fath 48:2
(ထိုသို့ အောင်ပွဲခံစေတော်မူခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် ယခင်က လွန်လေပြီးသော အတိတ်ကာ လနှင့်နောင်အနာဂတ် နောက်ပိုင်းကာလတို့တွင် ဖြစ်နိုင်ခြေရှိသည့် သင်၏မေ့မှာလစ်ဟင်းမှု ဟူသမျှကို ခွင့်လွှတ်ခွင့်ပေးတော်မူရန်လည်းကောင်း၊ သင့်အပေါ်၌ (အရှင့်ကျေးဇူးတော်၊ လမ်းညွှန်တော်နှင့်အခွင့်အာဏာ ချီးမြှင့်ခြင်း ဖြင့်) ဂုဏ်ပေးမှုကို အပြီးသတ် ပြည့်စုံစေတော်မူရန်လည်းကောင်း၊ သင့်အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့စေမည့် တရားလမ်းမှန်ကို ညွှန်ပြတော်မူရန် လည်းကောင်း ဖြစ်၏။