Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 20 — Surah Al-Fath 48:20
တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် သင်တို့အား အခြား မြောက်မြားစွာသော စစ်နိုင်ရပစ္စည်း အကျိုးအ မြတ်များအား ရယူခံစားစေတော်မူမည်ဖြစ်ကြောင်းကိုလည်း ကတိထားတော်မူပြီဖြစ်ပေရာ ဤသည်ကို သင်တို့ (၏ဖြူစင်သော ရည်စူးချက်နှင့်အရှင့်အရေး၌ သစ္စာရှိသည့်) အတွက် လတ်တလော (အောင်မြင်မှုအဖြစ်) ချီးမြှင့် တော်မူ၏။ ထို့ပြင် ထိုအရှင်မြတ်သည် လူတို့၏လက်များကို သင်တို့ (အား ရန်လိုခြင်းနှင့်အန္တရာယ်ပြုနိုင်ခြင်း) မှ တားဆီးချုပ်တည်းစေတော်မူ၏။ (ထိုသို့ဖြစ်စေတော်မူခြင်းမှာ လတ်တလော အောင်မြင်မှုသည်) သက်ဝင်ယုံ ကြည်သူတို့အတွက် အာယသ်သက်သေလက္ခဏာတော် (ဖြစ်သော စံနမူနာတစ်ရပ်) ဖြစ်လာရန်လည်းကောင်း၊ ထိုအရှင်မြတ်က သင်တို့အား (အစစ အရာရာတွင်) ဖြောင့်မတ်မှန်ကန် မြဲမြံတည်တံ့သည့် တရားလမ်းမှန်ကို ညွှန်ပြတော်မူရန်လည်းကောင်း၊ ဖြစ်ပေ၏။