Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 24 — Surah Al-Fath 48:24

ထို့ပြင် ထိုအရှင်မြတ်သည်ပင် မက္ကာမြို့တွင်း၌ (မယုံကြည်သူများဖြစ်ကြသော) သူတို့၏လက်များကို သင်တို့ (အား အန္တရာယ်ပြုရန်လိုခြင်း) မှ လည်းကောင်း၊ သင်တို့၏လက်များကို သူတို့မှလည်းကောင်း၊ တားဆီးချုပ်တည်းစေတော်မူပြီးနောက် သင်တို့အား သူတို့အပေါ်ဝယ် အောင်မြင်မှုရစေတော် (မူရန် ရည်ရွယ်တော်) မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ပြုမူကျင့်ကြံမှုဟူသမျှကို ကောင်းစွာ သိမြင်တော်မူ၏။