Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 25 — Surah Al-Fath 48:25

(အရှင်မြတ်သည် သူတို့အား ရှုံးနိမ့်စေတော်မူခြင်းမှာ) သူတို့သည် မယုံကြည်သွေဖည်ငြင်းပယ် ခဲ့ကြသည့်အပြင် သင်တို့အား အထွတ်အမြတ်ဆုံးဗလီဝတ်ကျောင်းတော် (မတ်စ်ဂျစ်ဒ်ဟရာမ်) မှ တားဆီးပိတ် ပင်ရုံသာမက (ဟုဒိုင်ဗိယဟ်၌ စွန့်လှူရန် ရည်ရွယ်ထားသော) သားကောင်များကိုလည်း ယင်းတို့၏ပန်းတိုင် အရောက်အထိ တားဆီးပိတ်ပင်ခဲ့သောကြောင့် ဖြစ်၏။ အကယ်၍ သင်တို့သည် (မြောက်မြားစွာသော) သက်ဝင်ယုံကြည်သူအမျိုးသားများနှင့်အမျိုးသမီးများ (မက္ကာမြို့ထဲ၌) ရှိနေကြသည်ကို မသိကြဘဲ သူတို့အား နင်းခြေမိကြလျှင် သူတို့အနက်မှ အချို့ကလည်း သင်တို့အား မသိဘဲ ထိခိုက်နစ်နာစေနိုင်ရာ၏။ (သို့ရာတွင် ထိုသို့ မဖြစ်ခဲ့ခြင်းမှာ) အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား ကရုဏာတော် (ဖြစ်သော အစ္စလာမ့်ဘောင်) အတွင်းသို့ ဝင်ရောက်စေတော်မူရန်ပင် ဖြစ်၏။ အကယ်၍ (မက္ကာမြို့တွင်းနေ မယုံကြည်သူများနှင့်ယုံကြည်သူများသည် ခွဲခြားသိမြင်နိုင်သော အနေအထားဖြင့်) တသီးတခြားစီ ဖြစ်နေခဲ့လျှင် ငါအရှင်မြတ်သည် သူတို့အနက်မှ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းပယ်သူ) သူတို့အား ပြင်းပြနာကျင်ဖွယ်ရာ စူးနစ်သော ပြစ်ဒဏ်ဖြင့် အမှန်ပင် ဒဏ်ခတ်တော်မူခဲ့မည်သာ ဖြစ်၏။