Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 26 — Surah Al-Fath 48:26
မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည် သူတို့၏စိတ်နှလုံးများတွင် အမှောင်ခေတ်၏အစွဲအလမ်းများဖြစ်သော (အတ္တစွဲ လူမျိူးစွဲနှင့်ရန်စလိုမှုစသော) သဘောထားသေးသိမ် သောအစွဲအလန်းများ ဖြစ်ပေါ်စေတော်မူခဲ့စဉ် အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ် တမန်တော်အပေါ်၌လည်းကောင်း၊ သက်ဝင်ယုံကြည်သူတို့အပေါ်၌လည်းကောင်း၊ စိတ်တည်ငြိမ်အေးချမ်းမှုကို ချပေးတော်မူပြီး သက္ကဝါ (အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) ကို စောင့်ထိန်းစေတော်မူ၏။ စင်စစ်သော်ကား သူတို့သည် ယင်း (သက္ကဝါ) နှင့်ပိုမို၍ ထိုက်တန်ရုံသာမက ပိုမို၍ လျော်ကန်လိုက်ဖက်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။