Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 27 — Surah Al-Fath 48:27
ဧကန်မလွဲ၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ရစူလ်တမန်တော်၏အိပ်မက်ကို အမှန်တရားအဖြစ် (အသေအချာ ရုပ်လုံးပေါ်လာမည်ဖြစ်ကြောင်း) အဖြစ်မှန်နှင့်အညီ မှန်ကန်စွာ အတည်ပြုဖြည့်ဆည်းစေတော်မူ၏။ (ယင်းအိပ်မက်မှာ) ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သင်တို့သည် သင်တို့၏ဦးခေါင်းများကို ရိတ်ကြပြီး ဆံပင်များကို ညှပ်ကြလျက် (မည်သည့် စိုးရိမ်ကြောင့် ကြမှုမျှ မရှိကြဘဲ ဘေးကင်းလုံခြုံစွာ အထွတ်အမြတ်ဆုံးဗလီဝတ်ကျောင်းတော် (မတ်စ်ဂျစ်ဒ်ဟရာမ်) သို့ ဝင်ရောက်ကြ၏ (ဟူ၍ ဖြစ်၏)။ စင်စစ်မှာမူကား ထိုအရှင်မြတ်သည် သင်တို့ မသိခဲ့ကြသောအရာကို သိနေတော်မူ၏။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ယင်း (မက္ကာမြို့ကို ဤနှစ်တွင် အောင်နိုင်ခြင်း) မှလွဲ၍ ထိုနည်းအတိုင်းပင် အခြားနီးကပ်သော လတ်တလော အောင်မြင်မှုတစ်ရပ်ကို ဖြစ်ပေါ်ရယူစေတော်မူ၏။