Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 29 — Surah Al-Fath 48:29

မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် ဖြစ်သည်။ ထို့ပြင် သူနှင့်အတူတကွ ရှိကြသော သူတို့သည် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့နှင့်ပတ်သက်လျှင် (အမှန်တရားအတွက် အရှုံးမပေးဘဲ) ပြတ်သားတင်းမာသူများဖြစ်ကြပြီး သူတို့အချင်းချင်း (ဆက်ဆံရာတွင်) ကရုဏာပွားကြသူများ ဖြစ်ကြ၏။ အသင်သည် သူတို့အား (ရံဖန်ရံခါ အရှင့်ရှေ့တော်မှောက်၌) ဦးညွှတ်ကြ၍လည်းကောင်း၊ ပျပ်ဝပ်ဦးချကြ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်ဖြင့် သိက္ခာပေးအပ်ခြင်းနှင့်အရှင့် ကျေနပ်နှစ်မြို့မှုကိုသာ ကြိုးပမ်းရှာဖွေတောင်းခံလျက် ရှိနေကြသည်ကို တွေ့မြင်ရပေမည်။ သူတို့ကို ခွဲခြားသိမြင်နိုင်သော အမှတ်အသားမှာ သူတို့၏မျက်နှာများတွင် ပျပ်ဝပ်ဦးချခြင်းဆိုင်ရာ အရိပ်အယောင်အမှတ်၊ လက္ခဏာများ ထင်ပေါ်နေခြင်းပင် ဖြစ်၏။ ထိုသို့တွေ့မြင်ရခြင်းသည်ကား တောင်ရာတ်ကျမ်းတွင် ဥပမာပေး ဖော်ပြပါရှိသကဲ့သို့လည်းကောင်း အင်(န်)ဂျီလ်ကျမ်းတွင် ဥပမာပေး၍ ဖော်ပြပါရှိသကဲ့သို့လည်းကောင်း၊ အညှောက်ပေါက်၍ ရှင်သန်ကြီးထွားလာသောကြောင့် ယင်း၏ပင်စည်ပေါ်တွင် အချိုးအဆ လိုက်ဖက်စွာဖြင့် ထူထူထောင်ထောင်၊ အခိုင်အမာ ရပ်တည်နိုင်သော မျိုးစေ့နှင့်အလားသဏ္ဌာန်တူ၏။ မျိုးစေ့ကြဲ၍ ပျိုးထောင်စိုက်ပျိုးကြတို့အား ဝမ်းသာအားရ သာယာကြည်နူးစေပြီး ယင်းကြောင့် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့အား ဒေါသူပုန်ထစေ၏။ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့အား အချင်းချင်းကြားတွင် (မေတ္တာ၊ ကရုဏာပွားလျက် ခွင့်လွတ်နိုင်ကြရန်) လွတ်ငြိမ်းခွင့်နှင့်ကြီးကျယ်သော မဟာဆုလဒ်ကြီးကို ကတိထားတော်မူ၏။