Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 4 — Surah Al-Fath 48:4

ထိုအရှင်မြတ်သည်ပင် သက်ဝင်ယုံကြည်သူတို့၏စိတ်နှလုံးများတွင် သူတို့၏ရှိရင်းစွဲ ယုံကြည်ချက်များနှင့်အတူ (အခြားအရေးပါသော) ယုံကြည်ချက်တို့ဖြင့် ထပ်မံဖြည့်ဆည်းစေလျက် ယုံကြည်မှုတိုးပွားစေတော် မူရန် စိတ်နှလုံးတည်ငြိမ်အေးချမ်းမှုကို ချမှတ်ပေးအပ်တော်မူ၏။ စင်စစ်သော်ကား မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ ရှိနေသော စစ်တပ် (စွမ်းအင်၊ စွမ်းရည်နှင့်အင်အား) ဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် (ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ အရှင့်အချုပ်အခြာ၌သာရှိသောကြောင့် အရှင့်စည်းမျဉ်းတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်၏။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်တော်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။