Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 5 — Surah Al-Fath 48:5
(ထိုသို့ အရှင့်စည်းမျဉ်းတော်နှင့်အညီ အသုံးချစေတော်မူခြင်းမှာ) ထိုအရှင်မြတ်သည် သက်ဝင်ယုံကြည်သူ အမျိုးသားများနှင့်အမျိုးသမီးများကို အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များထဲသို့ ဝင်ရောက်စေတော်မူ၍ ထိုထဲ၌ အမြဲထာဝရ နေထိုင်စေတော်မူရန်လည်းကောင်း သူတို့၏မှားယွင်း ချွတ်ချော်မှုများနှင့်အကုသိုလ်များကို ဖယ်ရှားဖုံးကွယ်ထားတော်မူရန်လည်းကောင်း ဖြစ်ပေ၏။ စင်စစ်သော်ကား ထိုကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်ထံတော်၌ (သူတို့အတွက်) ကြီးကျယ်သော မဟာအောင်မြင်မှု ထားရှိတော်မူ၏။