Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 48 - Al-Fath
Translation by Alin U Yin — Permalink
Verse 6 — Surah Al-Fath 48:6
ထို့ပြင် ထိုအရှင်မြတ်သည် အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မကောင်းသောအတွေးအခေါ်၊ အကြံအစည် (ထင်မြင်ယူဆချက်) များကိုသာ ထင်မြင်ယူဆတွေးတောကြသော အယောင်ဆောင်သီ လကြောင်အမျိုးသားများနှင့်အမျိုးသမီးတို့အားလည်းကောင်း၊ တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြသော အမျိုးသားများနှင့်အမျိုးသမီးတို့အားလည်းကောင်း၊ ပြစ်ဒဏ်ပေးတော်မူရန်နှင့်သူတို့အပေါ် သူတို့အတွေးအခေါ်၊ အကြံအစည်ဆိုးများ၏အကျိုးဆက်များ အတုံ့အလှည့်အဖြစ် သက်ရောက်စေတော်မူရန် အတွက်ပင် ဖြစ်၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် အမျက်တော်စူးရှစေတော်မူပြီး အရှင့်မေတ္တာကရုဏာတော်မှ ကင်းဝေးစေတော်မူကာ သူတို့အတွက် ငရဲဘုံကို အသင့်ပြင်ဆင်စီမံထားစေတော်မူ၏။ စင်စစ်မူကား ထိုငရဲဘုံသည် အလွန်ဆိုးရွားယုတ်ညံ့သော (သူတို့၏နောက်ဆုံးပန်းတိုင်) နေထိုင်ရာဌာနစခန်းပင် ဖြစ်၏။