Back to Languages

Burmese - Chapter 48 - Al-Fath

Translation by Alin U Yin — Permalink

Verse 8 — Surah Al-Fath 48:8

အို၊ ရစူလ်တမန်တော်၊ ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော်) အား (တမန်တော်တာဝန်ကို ကျေပွန်စွာဆောင်ရွက်ပြီး သင့်ဘဝတစ်ခုလုံးကို အရှင့်စည်းမျဉ်းတော်နှင့်တည်ဆောက်ခဲ့ကြောင်းနှင့်တမလွန် တရားစီရင်မည့်နေ့တွင် ယုံကြည်သူတို့၏လုပ်ရပ်များအတွက် သက်သေထွက်ဆိုရန်) သက်သေအဖြစ်လည်းကောင်း၊ (ယုံကြည်၍ တရားလမ်းမှန်နှင့်အညီဘဝဆောက်တည်လျှင် ပေါက်မြောက်အောင်မြင်ဖြစ်ကြောင်းကို) သတင်းကောင်းပါးသူအဖြစ်လည်းကောင်း၊ (လမ်းမှားရောက်ခြင်း၏အကျိုးဆက်နှင့်စပ်လျဉ်း၍) သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူ၏။