Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 49 - Al-Hujurat
Translation by Alin U Yin — Permalink
Verse 13 — Surah Al-Hujurat 49:13
အို၊ လူသားအပေါင်းတို့၊ ဧကန်မလွဲ၊ ငါအရှင်မြတ်သည် သင်တို့အား အမျိုးသားတစ်ဦး (လိင်ဖို) နှင့်အမျိုးသမီးတစ်ဦး (လိင်မ) မှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီး သင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး ခွဲခြားသိမြင် မှတ်မိနိုင်ရန်အလို့ငှာ လူမျိုးများအဖြစ်လည်းကောင်း၊ မိသားစု၊ မျိုးနွယ်စုများအဖြစ်လည်းကောင်း၊ စီမံဖြစ်ပေါ် လာစေတော်မူ၏။ ဧကန်စင်စစ်၊ သင်တို့အနက်မှ အလ္လာဟ်အရှင်မြတ်၏အမြင်တော်၌ အမြင့်မြတ်ဆုံး (ကျက်သရေအရှိဆုံး) သောသူမှာ သင်တို့အနက်မှ တက္ကဝါ (အရှင်မြတ်ကို စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးခြင်း) အရှိဆုံးသောသူပင် ဖြစ်၏။ ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ အရာခပ်သိမ်းတို့၏သတင်း အချက်အလက် အသေးစိတ်နှင့်စပ်လျဉ်း၍ သတင်းရနေတော်မူသောအရှင် ဖြစ်တော်မူ၏။