Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Maidah 5:1
အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့သည် (အရှင်မြတ်နှင့်တိုင်တည်၍ ဝန်ခံခဲ့ကြလေသော) ပဋိညာဉ်ကတိဝန်ခံချက်များကို အပြည့်အဝ လိုက်နာဆောင်ရွက်ခြင်းဖြင့် ဖြည့်ဆည်းကြလော့။ သင်တို့အား ရွတ်ပြစေသောကျမ်စာ၌ ဖော်ပြသည့်အရာများနှင့်မြင့်မြတ်သော ဝတ်ကျောင်းတော် ပရဝဏ် နယ်နိမိတ်အတွင်း ''အိဟ်ရာမ်'' ဝတ်ရုံကို ဝတ်ဆင်ပြီး ဖြစ်နေကြစဉ် (သင်တို့) အမဲလိုက်ခြင်း မပြုကြရန် တားမြစ်ခြင်းမှအပ (ကုလားအုပ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသော) ခြေလေးချောင်းတိရစ္ဆာန်များကို သင်တို့အတွက် (စားသုံးရန်) ခွင့်ပြုထားပြီး ဖြစ်၏။ ဧကန်စင်စစ်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုတော်ရှိမူသည် အမိန့်ပေးတော်မူ၏။