Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 100 — Surah Al-Maidah 5:100

(အို၊ နဗီတမန်တော်) ဟောပြောလော့။ လူ့ဘောင်အသိုင်းအဝိုင်း၏ဖွံဖြိုးမှုကို ဟန့်တားဆုတ် ယုတ်စေသည့် အတွေးအခေါ်အယူအဆများ၊ ကိုယ်ကျင့်တရားဖျက်ဆီးစေသည့် လုပ်ငန်းဆောင်တာများနှင့်မီဒီယာများ၊ တရားမျှတမှုအပေါ် အခြေမခံသည့် နိုင်ငံရေးစီးပွားရေးနှင့်လူမှုဆက်ဆံရေးဆိုင်ရာ ပြုမူဆောင်ရွက်ချက်များနှင့်ဝါဒဖြန့်မှုများ အစရှိသော မသန့်ရှင်း၊ မစင်ကြယ်မကောင်းမြတ်သည့်အရာသည် မည်သို့ပင် အထင်ကြီးစရာ ဆွဲဆောင်မက်မောစရာ ဂုဏ်သတင်းကျော်ကြားစရာများပင် ဖြစ်နေပါစေ၊ မည်သို့ပင် လူကြိုက်များသည်ဖြစ်စေ၊ အရှင့်စည်းမျဉ်းဘောင်အတွင်း၌နေ၍ ပြုမူကျင့်ကြံဆောင်ရွက်သည့် သန့်ရှင်းစင်ကြယ်သောအရာများကဲ့သို့ မျှတ မှုမျှခြေထိန်းပေးနိုင်သည့်အရာများ မဖြစ်နိုင်ပေ။ အို၊ မြော်မြင်ချင့်ချိန်နားလည်နိုင်စွမ်းရှိသောပညာရှင်အပေါင်းတို့၊ သင်တို့ ပေါက်မြောက်အောင်မြင်ကြရန်အလို့ငှာ အလ္လဟ်အရှင်မြတ်အား စိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။