Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 101 — Surah Al-Maidah 5:101
အို၊ ယုံကြည်သူအပေါင်းတို့၊ ကျမ်းတော်မြတ်ကုန်အာန်အား ထုတ်ပြန်ချမှတ်ပေးအပ်နေစဉ် ကာလအတွင်း သင်တို့မေးခဲ့သမျှကို (သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က မဖွယ်မရာမှု မဖြစ်ရလေအောင် လူ့သဘာဝ၊ လူ့ယဉ်ကျေးမှု၊ လူ့ပင်ကိုယ်စွမ်းရည်တို့နှင့်ကိုက်ညီပြီး လွယ်ကူစေရန်သာ) လိုအပ်သည့်အတိုင်း ထုတ်ဖော်ရှင်းလင်းစေတော်မူ၍ သင်တို့မေးခဲ့သည့်အတွက်လည်း ခွင့်လွှတ်တော်မူခဲ့ပြီးဖြစ်သော ထိုအကြောင်းကိစ္စတို့အား အကယ်၍ ထိုထက်မက ဖွင့်ဟထုတ်ဖော်တော်မူခဲ့လျှင် သင်တို့ အတွက် ဆိုးကျိုးဖြစ်နိုင်သောကြောင့် ထိုအကြောင်းကိစ္စများနှင့်စပ်လျဉ်း၍ ထပ်မံလျှောက်ထားမေးမြန်းခြင်း မပြုကြလေနှင့်။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် (လူ့စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းတော်များချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်၊ အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင် ဖြစ်တော်မူ၏။