Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 103 — Surah Al-Maidah 5:103
အလ္လာဟ်အရှင်မြတ်သည် ဗဟီရဟ် (ခေါ် ဆင်းရဲဒုက္ခဖန်တီးစေသောဘုရား)၊ စာအိဗဟ် (ခေါ် ချမ်းသာ သုခဖြစ်စေသောဘုရား) ဝဆွီလဟ် (ခေါ် အောင်မြင်မှုပန်းတိုင်ရောက်စေ၍ ဂုဏ်ပြုခံစေသောဘုရား) ဟာမီ (ခေါ် အနှိမ်ခံဘဝရောက်စေ၍ ဂုဏ်ရည်သေးသိမ်စေသောဘုရား) တို့ကို ဖွဲ့စည်းဖြစ်ပေါ်စေတော် မမူချေ။ သို့ရာတွင် မယုံကြည်သူ၊ အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့သည် သူတို့၏အယူသည်းမှုပေါ်အခြေခံ၍ ယုတ္တိမရှိသော ပူဇော်ပသမှုများကို ပြုလုပ်နိုင်ရန်အတွက် ထို့သို့သော ရုပ်တုဆင်းတုများကို ထီတွင်ဖန်တီးကြလျှက် မဟုတ် မမှန်လုပ်ကြံထားသော ထိုလှည့်စားအား အရှင်မြတ်ခန့်ထားသည့် ဘုရားများဖြစ်ဟန်ဖြင့် အလ္လာဟ်အရှင်မြတ်အပေါ်၌ အပြစ်ပုံချနေခြင်းသာ ဖြစ်သည်။ စင်စစ် ထိုသို့သောဘုရားများကို ကြံစည်ဖန်တီး၍ ပူဇော်ပသကိုးကွယ် ဆည်းကပ်နေကြသူတို့အနက်မှ အများစုသည် သူတို့၏မျိုးရိုးဗီဇထဲတွင် အရှင်မြတ်ထည့်ပေးထားတော်မူသော ပင်ကိုယ်အသိဉာဏ်နှင့်ဆင်ခြင်တုံတရားတို့ကို ယုတ္တိရှိရှိ အသုံးမချသောကြောင့် အသိဉာဏ် ကင်းမဲ့နေကြ၏။