Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 104 — Surah Al-Maidah 5:104
ထို့ပြင် ထိုသူတို့အား ''အလ္လာဟ်အရှင်မြတ်က ယခင်ထုတ်ပြန်ချမှတ်ပေးအပ်ခဲ့ပြီဖြစ်သော အမိန့်ပညတ် ချက်များနှင့်ရစူလ်တမန်တော်အပေါ် ထုတ်ပြန်ချမှတ်ပေးအပ်တော်မူသော အမိန့်တော်များကို ယုံကြည်၍ ပေါက်ရောက်အောင်မြင်မည့် ဘဝဆောက်နိုင်ကြရန် ယင်းတို့ဘက်သို့ လာကြလော့။” ဟု တိုက်တွန်းခြင်း ခံရသည့်အခါ၊ သူတို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင် တို့လိုက်နာကျင့်ကြံခဲ့သော အယူသည်းမှုပေါ်အခြေခံသည့် မိရိုးဖလာလမ်းစဉ်၌ အမှန်တရားသစ္စာဆိုင်ရာ သဲလွန်စပင် မတွေ့ရရုံသာမက သူတို့၏အဘဘိုးဘေးတို့မှာ လမ်းညွှန်ခြင်းခံကြသူများ လည်း မဟုတ်ကြောင်း သိနေပါလျှက် သူတို့က ''ကျွန်ုပ်တို့အတွက် ထိုလမ်းစဉ်သည် လုံလောက်ပေ၏။ ထိုလမ်းစဉ်အတိုင်း ကျွန်ုပ်တို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့လုပ်ခဲ့ကြသော ပူဇော်ပသမှုများကို ကျွန်ုပ်တို့မြင် တွေ့ခဲ့ကြပြီး သူတို့၏ခြေရာအတိုင်းသွားနိုင်လျှင် ကျွန်ုပ်တို့အတွက် လုံလောက်ပါ၏။” ဟု တုံ့ပြန်ဖြေဆိုခဲ့ကြသည်။