Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 105 — Surah Al-Maidah 5:105
အို၊ ယုံကြည်သူအပေါင်းတို့၊ (ခေတ်သစ်နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုဆက်ဆံရေး ဆိုင်ရာနည်းစနစ်များ မည်သို့ပင်ပြောင်းလဲနေပါစေ) သင်တို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့် စိတ်ဝိဉာဉ်) ကို မည်သို့အသုံးချပြီး ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့ခြင်းနှင့်ပတ်သက်၍သာ တမလွန်ဘဝ၌ အစစ်ဆေးခံရန် သင်တို့အပေါ် တာဝန်ရှိ၏။ သင်တို့အား အရှင်မြတ်လမ်းညွှန်တော်မူသည့်အတိုင်း နာခံလိုက်နာကြလျှင် လူသားတို့ ထီတွင်ဖန်တီးထားလမ်းစဉ်ကို လိုက်လျက် မည်သည့် လမ်းမှားရောက်နေသူကမျှ အကျိုးယုတ်နစ်နာစေနိုင်မည် မဟုတ်ပေ။ အလ္လာဟ်အရှင်မြတ်ထံသို့သာလျှင် သင်တို့အားလုံး စုရုံးပြန်ကြရမည်ဖြစ်ပြီး သင်တို့ ပြုမူကျင့်ကြံလုပ်ဆောင်ခဲ့သမျှနှင့်ပတ် သက်၍ အစစ်ဆေးခံရမည်ဖြစ်ကြောင်းကိုလည်း သင်တို့ သိနားလည်စေတော်မူရန် အသိပေးတော်မူလိမ့်မည်။