Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 106 — Surah Al-Maidah 5:106

အို၊ ယုံကြည်သူအပေါင်းတို့၊ သင်တို့အနက် တစ်ဦးတစ်ယောက်၏ကွယ်လွန်ချိန်ဆိုက်ရောက်လာ၍ သူ၏တာဝန်ဝတ္တရားနှင့်ပိုင်ဆိုင်မှုတို့အတွက် မှာကြားချက် သို့မဟုတ် သေတမ်းစာ ရေးမှတ်စေသည့်အချိန်တွင် သင်တို့အနက်မှ ယုံကြည်စိတ်ချရပြီး တရားမျှတမှုရှိသောပုဂ္ဂိုလ်နှစ်ဦးကို မျက်မြင်သက်သေအဖြစ် ထားရမည်။ သို့တည်းမဟုတ် သင်တို့သည် ကမ္ဘာဂြိုဟ်ပေါ်ခရီးထွက်နေစဉ် ဘေးဒုက္ခဆိုက်ရောက်၍ ကွယ်ချိန်တွင် သေတမ်း စားရေးမှတ်စေသည့် သင်တို့အနက်မှမဟုတ်သော တရားမျှတမှုရှိသည့် သက်သေနှစ်ဦးကို မျက်မြင်သက်သေ အဖြစ် ထားရမည်။ မျက်မြင်သက်သေနှစ်ဦးနှင့်ပတ်သက်၍ ဒွိဟသံသ ယမကင်း ဖြစ်ခဲ့ကြပါမူ၊ သူတို့နှစ်ဦးစလုံး ဆွလာသ်ဝတ်ပြုမှုအပြီးတွင် သူတို့အား ''ကျွန်ုပ်တို့သည် ဆွေမျိုးအရင်းအချာတစ်ဦးအဖြစ် ပါဝင်ပတ်နေသည့်တိုင်အောင် ကျွန်ုပ်တို့က မျက်မြင်တွေ့ရှိသည့် အမှန်တရားကို မည်သည့်တန်ဖိုးနှင့်မျှ လဲလှယ်ကြမည်မဟုတ်။ လျှို့ဝှက်ထိန်ချန်ထားမည်လည်း မဟုတ်ပါကြောင်း၊ အကယ်၍ အမှန်အတိုင်းမတွက်ဆိုခဲ့သော် အရှင်မြတ်က အရေးယူမည့် အပြစ်ရှိသူတို့အနက်မှ မုချပင် ဖြစ်ကြပါစေ။” ဟု ပြောဆိုစေလျက် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ သစ္စာကျိန်ဆိုစေရမည်။