Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 107 — Surah Al-Maidah 5:107

တဖန် အကယ်၍ (အမှန်အတိုင်း မတွက်ဆိုခဲ့သည့် အထောက်အထားများတွေ့ရှိ၍) သူတို့နှစ်ဦးမှာ အပြစ်ရှိကြောင်း သိရှိလျှင်၊ သူတို့နှစ်ဦး၏နေရာတွင် ပိုမို၍ ပြောရေးဆိုခွင့်ရှိပြီး အမှန်တရားအတွက် အခိုင် အမာ ရပ်တည်မည့် နှစ်ဦးကို အစားတိုးလျှက် သက်သေအသစ်ဖြစ်သူနှစ်ဦးစလုံးကိုလည်း ''ကျွန်ုပ်တို့၏သက်သေခံမှုသည် ယခင်သက်သေထွက်ဆိုခဲ့သူတို့နှစ်ဦးထက် ပိုမို၍ မှန်ကန်ပါ၏။ အကယ်၍ ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်၏အခွင့်အရေးကို အလွှဲသုံးစားပြုခဲ့သော် အရှင့်စည်းမျဉ်းတော်ကိုချိုးဖောက်၍ မမှန်မကန်လုပ်သူတို့ အနက်မှဖြစ်လျှက် အရှင်မြတ်က အရေးယူတော်မူမည့်သူများ မုချပင် ဖြစ်ပါစေ။” ဟု ပြောဆိုစေလျက် အလ္လာဟ်အရှင်မြတ်ကို တိုင်တည်၍ သစ္စာကျိန်ဆိုစေရမည်။