Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 108 — Surah Al-Maidah 5:108
ဤသည်ကား သက်သေများသည် သက်သေခံထိုက်သောနည်းလမ်းနှင့်ဦးတည်ချက်အမှန်အတိုင်း သစ္စာရှိရှိ ရိုးသားစွာဖြင့် သက်သေခံကြစေရန်၊ သို့တည်းမဟုတ် သူတို့၏သစ္စာကျိန်ဆိုမှုများမှာ အခြား သူတို့၏သစ္စာ ကျိန်ဆိုမှုများဖြင့် အစားတိုး၍ အချိန်မရွေ့ ကန့်ကွက်ပယ်ချခြင်းခံရမည်ကို စိုးရိမ်ကြစေရန် အသင့်တော်ဆုံး နှင့်အနီးစပ်ဆုံးသောနည်းလမ်းပင် ဖြစ်၏။ (မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ) အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ ထိတ်လန့်လျက် အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် နာခံလိုက်နာကြလော့။ ထို့ပြင် (အရှင်မြတ်၏အမိန့်တော်များကိုလည်း) ဖြူစင်စွာ နာယူကြလော့။ သိထားသင့်သည်မှာ အလ္လာဟ်အရှင်မြတ်သည် အရှင့်အမိန့်ပညတ်ချက်များကို ကြားနာပါလျက် အာခံဖီဆန်ကြသော လူမျိုးအား လမ်းညွှန်တော် မမူချေ။