Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 109 — Surah Al-Maidah 5:109
အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်များကို စုပေါင်းဆုံတွေ့စေတော်မူမည့် ထိုတမလွန်နေ့တွင် သူတို့အား ''အသင်တို့သည် (သင်တို့၏နောက်လိုက်များထံမှ) မည်သို့သော တုံ့ပြန်မှုများကို ရရှိခဲ့ကြသနည်း။'' ဟု မေးမြန်းတော်မူစဉ် သူတို့က အရှင်မြတ်မေးတော်မူသည့် တုံ့ပြန်ချက်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးတို့ အလျင်း မသိကြပါ။ ဧကန်စင်စစ်၊ အသင်အရှင်မြတ်သည်သာလျှင် မျက်ကွယ်ရာ၌ရှိသော အရာခပ်သိမ်းအကြောင်းကို အသိဆုံးဖြစ်တော်မူပါ၏။"" ဟု လျှောက်တင်ဖြေဆိုကြလိမ့်မည်။