Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 11 — Surah Al-Maidah 5:11

အို၊ ယုံကြည်သူအပေါင်းတို့၊ လူမျိုးတစ်မျိုးသည် (သင်တို့အား ချေမှုန်းနိုင်ရန်အလို့ငှာ) သူတို့၏ (လက်နက်၊ စွမ်းရည်၊ နည်းပညာနှင့်အင်အားအလုံးစုံ အတူကိုင်စွဲထားသည့်) လက်များကို သင်တို့ဘက်သို့ ဆွဲဆန့်၍ လှမ်းခဲ့ကြရန် သန္နိဋ္ဌာန်ချလျက် ကြံစည်နေစဉ် ငါအရှင်မြတ်က သူတို့၏လက်များကို သင်တို့ထဲ ရောက်နိုင်ခြင်းမှ ချုပ်ထိန်းတော်မူခြင်းဖြင့် သင်တို့အပေါ် အခွင့်အရေးပေးလျက် ဂုဏ်ပေးတော်မူခဲ့သည်ကို သတိရ တသ၍ ဖွင့်ဟကြလော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်ကို စိုးရွံ့ထိတ်လန့် (၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံး) ကြလော့။ (ငါအရှင်မြတ်သည် သင်တို့ကို ကာကွယ်စောင့်ရှောက်ရန်) ငါအရှင်မြတ်အပေါ် (တာဝန်အဖြစ် သတ်မှတ်ထားတော်မူသည့် အလျှောက်) ယုံကြည်သူများအနေဖြင့် အလ္လာဟ်အရှင်မြတ်ကိုသာ (ယုံကြည်စိတ်ချစွာဖြင့်) အားကိုးအား ထားပြုထိုက်၏။