Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 110 — Surah Al-Maidah 5:110
အလ္လာဟ်အရှင်မြတ်က အို၊ မရ်ယမ်၏သားအီစာ၊ ငါအရှင်မြတ်သည် အသင်နှင့်အသင့်မွေးသမိခင်အပေါ်၌ အရှင့်ကျေးဇူးတော်ဖြင့် ဂုဏ်ပေးတော်မူခဲ့သည်ကိုလည်းကောင်း၊ ရူဟုလ်ကုဒွတ်စ်ခေါ် ကောင်း ကင်စေတမန်ဖြစ်သူ၊ မြင့်မြတ်သောဝိဉာဉ်တော်ဖြင့် အသင့်အား ထောက်ပံ့စေတော်မူ၍ ပုခက်တွင်းနှင့်အရွယ်ရောက်လာသည့် အချိန်ကာလတို့၌ လူတို့အား အရှင့်အမိန့်တော်နှင့်ပတ်သက်သည့် စကားများပြောဆိုခွင့် ပေးတော်မူလျက် အားဖြည့်စေတော်မူခဲ့သည်ကိုလည်းကောင်း၊ အသင့်အား ကျမ်းတော်၊ စီရင်ထုံးဆိုင်ရာဉာဏ်အမြော်အမြင်၊ တောင်ရာတ်နှင့်အိန်ဂျီးလ်ကျမ်းတို့ သင်ကြားပို့ချတော်မူခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ရွံ့မြေမှ ငှက်ကဲ့သို့သော ရုပ်သဏ္ဌန်ပုံဖော်၍ ငါအရှင်မြတ်၏ခွင့်ပြုချက်ဖြင့် ထိုငှက်ထဲသို့ မှုတ်လိုက်သည့်အခါ ငါအရှင် မြတ်၏ခွင့်ပြုချက်ဖြင့်ပင် ငှက်စစ်စစ် ဖြစ်လာခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ငါအရှင်မြတ်၏ခွင့်ပြုချက် ဖြင့် မွေးရာပါမျက်မမြင်သူနှင့်အနာကြီးရောဂါသည်တို့အား ကုသနိုင်ခဲ့သည်ကိုလည်းကောင်း၊ အသင်သည် ငါအရှင်မြတ်၏ခွင့်ပြုချက်ဖြင့် သေဆုံးသွားသူအား သင်္ချိုင်းတွင်းမှ ထွက်လာစေခဲ့သည်ကိုလည်းကောင်း၊ အသင်သည် မြင်သာထင်ရှားသောရှင်းလင်းချက်နှင့်အတူ သူတို့ထံသွားရောက်ခဲ့စဉ် သူတို့အနက်မှ မယုံကြည်သူနှင့် အမှန်တရားကို ဖီဆန်ငြင်းပယ်သူတို့က အသင်တင်ပြသည့် အရှင့်သက်သေလက္ခဏာတော်နှင့်စပ်လျဉ်း၍ ''ဤသည်ကား ထင်ရှားသော မှော်ပယောဂအတတ်ပညာသာ ဖြစ်သည်။'' ဟု ပြောဆို၍ အသင့်ကို တိုက်ခိုက်ရန် စီစဉ်သည့်အခါ အသင့်ထံမှ အစ္စရေးမျိုးနွယ်ဝင်တို့ကို ချုပ်ထိန်းထားတော်မူခဲ့သည်ကိုလည်းကောင်း၊ စသည့် ကျေးဇူးတော်များကို သတိရ တသ၍ ဖွင့်ဟလော့။