Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 111 — Surah Al-Maidah 5:111
ထို့ပြင် (သတိရလော့) ဟဝါရီခေါ် တမန်တော်အီစာ၏နောက်လိုက်သာဝကများတို့ထံ ‘’ငါအရှင်မြတ်နှင့်ငါအရှင်မြတ်၏ရစူလ်တမန်တော်အား သက်ဝင်ယုံကြည်ကြလော့။’’ ဟု တမန်တော်အီစာမှတစ်ဆင့် အမိန့်တော် ထုတ်ပြန်ချက်ဖြင့် စေ့ဆော်၍ အာရုံရစေတော်မူသည့်အခါ သူတို့က ‘’ကျွန်တော်မျိုးတို ယုံကြည်ကြပြီး ကိုယ်စိတ်နှလုံးတို့အား အရှင့်ထံအပ်နှံလျက် ငြိမ်းချမ်းလိုလားသော‘မွတ်စလင်’များဖြစ်ကြောင်း သက်သေခံကြပါ၏။‘’ ဟူ၍ လျှောက်ထားပန်ကြားခဲ့ကြသည်။