Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 112 — Surah Al-Maidah 5:112

ဟဝါရီနောက်လိုက်သာဝကတို့က ‘’အို၊ မရ်ယမ်၏သား၊ အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် ကျွန်တော်မျိုးတို့အပေါ်ဝယ် ကောင်းကင်ယံမှ အသက်မွေး ဝမ်းကျောင်းကို ကိုယ်စားပြုသော စားဖွယ်သောက်ဖွယ်ရာများပါသည့်စားပွဲတစ်ခုကို ချပေးတော်မူနိုင်စွမ်းပါသလော။’’ ဟု မေးမြန်းကြလေသည်။ တမန်တော်အီစာက အကယ်၍ အသင်တို့သည် စစ်မှန်သော ယုံကြည်သူများဖြစ်ကြလျှင် အရှင်မြတ်ကိုစိုးရွံ့ထိတ်လန့်၍ အရှင့်စည်းမျဉ်းတော်များအား အရှင့်ကို သိစိတ်မြဲမြံစွာဖြင့် လိုက်နာကျင့်သုံးကြလော့။”ဟု ဖြေဆိုဟောပြောခဲ့၏။