Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 116 — Surah Al-Maidah 5:116
ထို့ပြင် (သတိရလော့) အလ္လာဟ်အရှင်မြတ်က တမန်တော်အီစာအား “အို၊ မရ်ယမ်၏သားအီစာ၊ အသင်က လူတို့အား “အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကျွန်ုပ်နှင့်ကျွန်ုပ်၏မိခင်တို့ကို ကိုးကွယ်ရာအရှင်နှစ်ပါးအဖြစ် သဘောထားပြီး ကိုးကွယ်ကြလော့။” ဟု ပြောခဲ့ဖူးသလော။ ဟူ၍ မေးမြန်းတော်မူခဲ့၏။ သူက “အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူကြောင်း (မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ် တည်စေတော်မူခြင်းမရှိကြောင်းနှင့်ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူ၍ ကိုးကွယ်ထိုက်သော အရှင် ဖြစ်တော်မူကြောင်း” ဂုဏ်တင်ပါ၏။ ကျွန်ုပ်အတွက် ပြောပိုင်ခွင့်မရှိသည်ကို ကျွန်ုပ်ပြောဆိုရန်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။ အကယ်၍ ပြောခဲ့သည်ရှိသော် အသင်အရှင်မြတ်က မုချပင် သိခဲ့မည်ဖြစ်သည်။ ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ် အရည်အသွေး၊ အစွမ်းအစနှင့်စိတ်ဆန္ဒများအား အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချသည့်) စိတ်ဝိဉာဉ်ထဲတွင်ရှိသမျှကို အသင်အရှင်မြတ်က အကြွင်းမဲ့ သိတော်မူပြီး အသင်အရှင်မြတ်၏ဇာတိ ပကတိနှင့်ပတ်သက်၍ ကျွန်ုပ်သည် မည်သည်ကိုမျှ မသိပါ။ မုချဧကန်၊ အသင်အရှင်မြတ်သည် မျက်ကွယ်ရာ အလုံးစုံကို အကြွင်းမဲ့ သိတော်မူသော အရှင်ဖြစ်တော်မူ၏။