Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 119 — Surah Al-Maidah 5:119

အလ္လာဟ်အရှင်မြတ်မိန့်တော်မူမည်မှာ “ဤနေ့သည် ဖြောင့်မတ်မှန်ကန်သူတို့အတွက် ရိုးသားဖြောင့် မတ်မှု၏အကျိုးအမြတ်များကို အပြည့်အဝ ရရှိခံစားစေမည့်နေ့ဖြစ်၍ သူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေသော သုခဥယျာဉ်များရှိပြီး ထိုဥယျာဉ်များထဲတွင် ထာဝစဉ် ကာလအကန့်အသတ်မဲ့နေခွင့်ရပြီး အလ္လာဟ်အရှင်မြတ်က သူတို့နှင့်အတူ (သူတို့၏လုပ်ရပ်ကိုပါ) အားရကျေ နပ်စွာ သဘောတူလက်ခံတော်မူပြီး သူတို့လည်း အရှင်မြတ်နှင့်အတူ (အရှင်မြတ်က ချီးမြှင့်တော်မူသည့် ဆုလဒ်အတွက်) ဝမ်းသာအားရ ဖြစ်ကြ၏။ ဤသည် ထူးကဲမြင့်မြတ်သော မဟာအောင်မြင်မှုကြီးပင် ဖြစ်၏။”