Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 12 — Surah Al-Maidah 5:12

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် အစ္စရေးမျိုးနွယ်ဝင်တို့ထံမှ (အရှင့်အမိန့်တော်များကို နာခံမည်ဟူသော) ပဋိညာဉ်ကတိဝန်ခံချက်ကို မုချရယူတော်မူခဲ့ပြီးနောက် သူတို့အနက်မှ (မျိုးနွယ်စုအသီးသီးအတွက် တာဝန်ယူ၍ ဦးဆောင်မှုပေးနိုင်မည့်) ခေါင်းဆောင် ဆယ့်နှစ်ဦးကို ပေါ်ထွက်စေတော်မူ၍ ခန့်အပ်တော်မူခဲ့၏။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား “အကယ်၍ သင်တို့သည် သင်တို့ထဲတွင်ရှိသော မကောင်းမှုဒုစရိုက်များနှင့် အကျင့်ဆိုးများကို (စိတ်ရင်းစေတနာဖြူစင်စွာဖြင့်) အမှန်ပင် ရှောင်ကြဉ်ဖယ်ရှား ဖုံးကွယ်၍ (အရှင်မြတ်ထံတော်မှ အဆပေါင်းများစွာ ပြန်ရရန်အလို့ငှာ အရှင်မြတ်၏ကျေနပ်နှစ်မြို့မှုအတွက် (သင်တို့၏အသက်စည်း စိမ်နှင့်ပိုင်ဆိုင်မှုများကို သုံးစွဲခြင်းဖြင့်) သင်တို့၏ကိုယ်စိတ်နှလုံးနှင့်စည်းစိမ်တို့ကို အမွန်မြတ်ဆုံးချေးငှားမှုဖြစ် သည့် အလ္လာဟ်အရှင်မြတ် (က အလိုရှိတော်မူသော လမ်း စဉ်တော်) အတွက် ချေးငှားကြပြီး ငါအရှင်မြတ်စေလွှတ်တော်မူသော ရစူလ်တမန်တော်များကို ယုံကြည် (သူတို့၏ညွှန်ကြားချက်များနှင့်အညီ ပြုမူကျင့်ကြံလျက်) သူတို့အား ထောက်ခံအားပေးကြသည့်အပြင် ဆွလာသ်ဝတ်ပြုမှုကို (ယင်း၏စည်းမျဉ်းနှင့်အညီ) ဆောက်တည် မြဲ၍ ဇကာသ် (ခေါ်တရားတော်အရ ချို့တဲ့ဆင်းရဲသူအား ပေးရသောလူမှုဖူလုံကြေး) ကိုလည်း ပေးဆောင်ကြလျှင် မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့နှင့်အတူ ရှိတော်မူရုံသာမက သင်တို့အတွက် အောက်ခြေ၌ စိမ့်စမ်းရေ တသွင်သွင် စီးဆင်းနေသော သုခဥယျာဉ်များထဲသို့လည်း အမှန်ပင် ဝင်ခွင့်ပေးတော်မူလိမ့်မည်။” ဟု မိန့်တော်မူခဲ့၏။ ထို့နောက်တွင်မှ သင်တို့အနက်မှ မည်သူမဆို (အရှင်မြတ်၏အမိန့်ပညတ်ချက်များကို) မယုံကြည်ငြင်းဆန်ဖုံးကွယ်လျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်တော်မျှခြေမှ လွဲချော်၍ လမ်းမှားသို့ ရောက်ခဲ့ပြီ ဖြစ်၏။