Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 13 — Surah Al-Maidah 5:13

ထိုသို့ဖြင့် (သူတို့ကိုယ်ဝန်ခံလျက် ကတိပြုခဲ့သည့်) သူတို့၏ပဋိညာဉ်ကတိဝန်ခံချက်များကို သူတို့ကိုယ်တိုင် ဖောက်ဖျက်ခဲ့ခြင်းကြောင့် ငါအရှင်မြတ်သည် သူတို့၏နှလုံးသားများကို ခက်ထန်မာကျောစေတော်မူပြီး ငါအရှင်မြတ်၏မေတ္တာကရုဏာတော်မှ ကင်းဝေးစေတော်မူ၏။ သူတို့သည် အရှင့်မုက္ခပါဌ်တော်များကို ယင်းအား ဆက် စပ်ဖော်ပြခဲ့သည့် မူရင်းအနေအထားနှင့်ဆိုလိုရင်းတို့မှ လိုရာဆွဲ၍ ပြောင်းလဲသုံးကြပြီး (ကျမ်းတော်၌) သတိရ စေရန် ထပ်တလဲလဲ ဖော်ပြခဲ့သည့် အကြောင်းအရာများအနက်မှ ထို (ကတိဝန်ခံချက်) နှင့်ပတ်သက်သည့် (အကြောင်းအရာပါဝင်သော) စာပိုဒ်ကို မေ့ပစ်ထားခဲ့ကြသည်။ ထို့ပြင် သူတို့ထဲတွင် လူနည်းစုမှအပ ကျန်လူအားလုံးက အဆိုပါသစ္စာဖောက်မှုဆိုင်ရာ အချက်အလက်များကို လေ့လာရှာဖွေဖေါ်ထုတ်၍ အများသိအောင် ခွဲထုတ် ပြခြင်းလည်း မရှိကြပေ။ မည်သို့ဆိုစေ သစ္စာဖောက်မှု၌ပင် ဆက်လက်ရပ်တည်နေကြသူတို့အား ဥပေက္ခာပြု၍ လွှတ်ထားကြလော့။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် မုဟ်စဲန် (ခေါ် လုပ်ရပ်ဟူသမျှကို အရှင်မြတ်က အကြွင်းမဲ့ မြင်နေတော်မူကြောင်း” သိနားလည်၍ အရှင့်ကို သိစိတ်ဖြင့် အရာရာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သူ) များကို နှစ်သက်တော်မူ၏။