Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 5 - Al-Maidah
Translation by Alin U Yin — Permalink
Verse 14 — Surah Al-Maidah 5:14
ထိုပုဂ္ဂိုလ်များထဲတွင် “ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြ၏။” ဟု ပြောဆိုသူများလည်း ရှိကြ၏။ ငါအရှင် မြတ်သည် သူတို့ထံမှလည်း ပဋိညာဉ်ကတိဝန်ခံချက်များကို ရယူတော်မူပြီးနောက် ထိုသူတို့သည် ထိုကတိကဝတ်များနှင့်စပ်လျဉ်း၍ ထပ်တလဲလဲ ဖော်ပြခဲ့သည့်အကြောင်းအရာများပါရှိသော ကျမ်းတော်၏စာပိုဒ်ကို မေ့ပစ် ထားခဲ့ကြသည်။ သို့ဖြစ်၍ ငါအရှင်မြတ်သည် သူတို့အချင်းချင်းကြားဝယ် ရှင်ပြန်ထမြောက်မည့်နေ့အထိ တည်တံ့မည့် ရန်ငြိုးထားမှုနှင့်မုန်းတီးမှုများ နိုးကြွလာစေတော်မူ၏။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (ထိုရန်လို မုန်း တီးမှုများကို မည်သို့) စနစ်တကျ ကြံစည်ဖန်တီးခြင်းနှင့်စပ် လျဉ်း၍ မကြာမီ သူတို့အား အသိပေးရှင်းလင်း တင်ပြတော်မူလိမ့်မည်။