Back to Languages

Burmese - Chapter 5 - Al-Maidah

Translation by Alin U Yin — Permalink

Verse 15 — Surah Al-Maidah 5:15

အို၊ ကျမ်းရပုဂ္ဂိုလ်အပေါင်းတို့၊ ငါအရှင်မြတ်၏ရစူလ်တမန်တော်သည် အရှင့်ကျမ်းတော်မှ မြောက်မြားစွာသော အချက်အလက်များကို သင်တို့က ထိန်ချန်ဖုံးကွယ်ထားခြင်းနှင့်ပတ်သက်၍ သင်တို့ကို ကွက် ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် ရှင်းလင်းတင်ပြန်အလို့ငှာ သင်တို့ထံ မုချရောက်လာပြီး သင်တို့ထဲမှ မြောက်မြား စွာသော သူတို့အား အရေးမယူဘဲ ဥပေက္ခာပြုလျက် လွှတ်ထားခဲ့ပြီ။ (သင်တို့ထံ ရောက်လာသည့် တမန်တော် မုဟမ္မဒ်နှင့်အတူ) အလ္လာဟ်အရှင်မြတ်ထံတော်မှ ထင်ရှားမြင်သာအောင် ရှင်းလင်းထားသောကျမ်းနှင့် (သင်တို့ ၏စိတ်နှလုံးကို ဉာဏ်အလင်းဖြင့် လင်းဝင်းတောက်ပစေမည့်) အရှင့်ရောင်ခြည်တော်လည်း သင်တို့ထံ မုချ ရောက်ခဲ့ပြီ။